အာသီသကိုပြည့်စေဖို့  အာသာငမ်းငမ်းကြိုးစားနေကြတဲ့
သက်တမ်းနှစ်ဆယ်ကျော်ကြာ မျက်လုံးတောက်တောက်များ၊
သွေးစက်ဟောင်းများ၊
အမှန်ဆိုတာကို ကလိထိုးပြီးထွက်လာတဲ့ တောက်ခေါက်သံ ပြက်လုံးရှင်များ၊
တော်လဲသံကို ပြန်တီးပြတဲ့ ရှားရှားပါးပါး တီးဝိုင်းတစ်ချို့ ၊
ဘ၀တွေကို လျှော်ဖွတ်ပေးချင်တဲ့ မှည့်ထစကားလုံးများနဲ့  ရင်ကွဲကလောင်တံတွေနဲ့ 
မုန်တိုင်းကျချိန်ကိုပြန်ဆွဲပြချင်တဲ့စုတ်တံရယ်၊ ဆွမ်းမခံပဲငှက်သင့်ခြင်းတို့ မှတပါး
ဂဏန်းပေါင်းစက်တွေနဲ့ ငွေရေစက်တွေ၊ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးနဲ့  ဘီယာဆိုင် ပန်းကုံးတွေကြားမှာ
C . N . G ပြောင်းထားတဲ့ကားတွေပေါ်မှာနဲ့ မြို့ ပတ်ရထားပေါ်က ကြုံရာဘ၀တွေ၊
ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်ကြားက ဖိုင်တွဲများ၊
စကားပြော ကွန်ပျူတာနဲ့ စာရင်းကိုင်၊ ရှော့ပင်းစင်တာ၊ အလှပြင်ခန်းမ
တစ်ခါတစ်ခါ ဖုန်းနဲ့ ၊တစ်ခါတစ်ခါ Chatting
အိမ်ကွင်းလက်ဘက်ရည်ဆိုင်နဲ့  အဝေးကွင်း ဘီယာဆိုင်
အာရကေပါးတဲ့အခါ အဖြူ ၊ဇေယျဝတီိ၊ အမြည်းဖက်ကြမ်း
စာသင်ခန်းနဲ့ ကျူရှင်ကြားလွန်းထိုးနေတဲ့ လွယ်အိတ်လေးများ
ပုံရိပ်ဟောင်း၊ ဖတ်ပြီးသားစာနဲ့  နားစွန်နားဖျားကြားတာတွေ
အဲဒါတွေနဲ့ ပစ်ပေါက်နေကြတဲ့ စာအုပ်အဟောင်းကြီးတချို့ 
အဲသည်လိုလှုပ်ရှားမှုတွေဟာထိုင်နေကြတယ်…
အားလုံးသောလှုပ်ရှားမှုတွေဟာ ထိုင်နေကြတယ်…။ ။
သုဏော်စိုင်း
No comments:
Post a Comment