ပုထုဇဉ်ပီပီ မှားကြတယ်...
တစ်ဦးတစ်ယောက်ဟာ ရှက်ြ့ပီးပြုံးနေသလား
တစ်ဦးတစ်ယောက်ဟာ ပြုံးရင်းရှက်နေသလား
တွေ့ ကြဆုံကြရင် ပင်လယ်ရေဖြစ်ပြီး
ဝေးကြကွာကြရင် ဖောင်စီးရင်းရေငတ်ကြတဲ့အဖြစ်
မြှားတစ်စင်းပစ်လိုက်သလို
သီချင်းတစ်ပုဒ်ဟစ်လိုက်သလို
လေထဲကနေ kiss လိုက်တယ်..
လမ်းမကောင်းဘူးပြောကြတဲ့အချစ်စစ်
မင်းနှုတ်ဖျားမှာ စွဲထင်ရစ်စေ...။ ။
သုဏော်စိုင်း
4 comments:
အိုက်ယား ကဗျာလေးက တယ်လန်းပါလား ဟရိုးးးးး ခိခိ ဖတ်သွားတယ်နော် မျက်စိကြီး လေးလုံးနဲ့ ကြွားတာ အဟားး မျက်မှန်တပ်ကြောင်းကြွားတာလေ ခိခိ
မန့်လို့မရဘူးလား 0 comment ကိုနှိပ်လိုက်ရင် ရတယ်လေ
ဘိုင် ပျော်ရွှင်ပါစေနော် တာ့တာ
လေထဲကနေတောင် Kiss လိုက်သေးတယ် .. ဟဟ အတွေးလှသလောက် အရေးကြွတဲ့ သူပါလားဗျ ... အားပေးနေပါတယ် ဗျာ ... ဒါပထမဆုံးဆိုပေမယ့် နောက်လည်း အမြဲရောက်ဖြစ်နေမှာပါ ..
နေဒေးသစ်။
ကဗျာလေးက ကောင်းတယ်။
တမင်ပေါ့ပါးအောင် အင်္ဂလိပ်လို ပေါင်းသုံးလိုက်တာလား။
ဟေ့ကဗျာဆရာ
မတွေ့တာကြာပြီ နေလို့မှကောင်းရဲ့လား
လာဗျာ
လဘက်ရည်ဆိုင်ထိုင်ရင်း
စကားပြောကြရအောင်---------
ကျတော်လားးး
လဘက်ရည် ချိုပေါ့ကျလေးသောက်မယ်
ခင်ဗျားဘာမှာ မှာလည်း
လုပ်လေဗျာ
မှာပါဗှာ ခင်ဗျားဘိုင်ပြတ်နေသလား
ကျတော့်မှာ ရှိမှာ ပါပါတယ် ဗျ-----
ဟေ့စားပွဲထိုးညီလေး
ဒူးယားဖင်ကျွတ်တပွဲနဲ့ ဂျက်ကမ္ဘာ တပွဲအရင်ပေးကွဲ့  ။ ။
နေပါဦးဗျ ကဗျာဆရာရဲ့
မြစ်လိုစီးဆင်းချင်ရင်
ရေချမ်းစင်လို ၇ပ်နေလို့မရဘူးဗျ
အပြုံး စင်စစ်က
လောဘ ဒေါသ မောဟ များနေတဲ့ကမ္ဘာကြီးက
လူသားစစ်စစ် ဆိုတဲ့သူတွေကို
ပေးခဲ့၇လို့ မရှိတော့ဘူး
စိတ်မကောင်းဘူးဗျာ----
နောက်ဆုံးလက်ကျန်တခု
ချန်ထား၇သေးတယ်ဗျ
ကျတော်ချစ်တဲ့ ချစ်သူကိုပေးဘို့လေ
ချစ်သူကို
ဟန်ဆောင်အပြုံး နဲ
နှလုံးသားအတု မပေးချင်ခဲ့လို့ပါဗျာ---------
ပို့မော်ဒန် ဂဗ္ဘီ ရမော်ဒန်တွေ ထားလိုက်ဗျာ
ဖျားနာနေတဲ့ကမ္ဘာ ကြီးကို
ကျွန်တော်တို့ချစ်တဲ့ကဗျာတွေနဲ့
ဆေးကုလို့ ၇နိုင်ပါ့မလား
ဆေးကုလို့ မှီနိုင်ပါဦးမလား
အသက်ဆက်ခိုင်းလို့ ဖြစ်နိုင့်ပါ့မလား
ခင်ဗျား
စဉ်းစား
စဥင်္းစား စဉ်းစား စဉ်းစားးးးးးးးးးးးးးးးးးးးးးး
------
-----------
---------------
-------------------
ဟေ့လူကဗျာဆရာ
စကားလည်းမပြောပါလားဗျ
ခင်ဗျား ဘာဖြစ်နေလည်း
သွားတော့မယ်ဗျာ
လိမ်လိမ်မာမာနေပေါ့
ကျတော်ကတော့
ဗမာပြည်ကြီး ငြိမ်းချမ်းဘို့အတွက်
မိုက်လိုက်ဦးမယ်ဗျာ
လမ်းတွေ့ရင်လည်းခေါ်ပေါ့
အဲအခါကျရင်
ဖြစ်တည်မှုပဓါန ၀ါဒ နဲံ့
ဘာမြူဒါ တြိဂံ အကြောင်း
မက်ဒေါနားအကနဲ့ သက်မွန်မြင့်အလှအကြောင်း
(ဘာမှမတတ်တဲ့ ကျွန်တော့ကို )
ကဗျာကောင်းကောင်းရေးနည်းအကြောင်း
ခင်ဗျားပြောပြ၇မယ်နော်---
ပြီးတော့
ဗော်လဂါနဲ့ ဂျုစု မတိုက်နိုင်တော့င်မှ
ရှမ်းအရက်ကောင်းကောင်းနဲ့ ဆတ်သားချောက်ဖုတ်
တိုက်ရမယ်နော်---
ဒုခရောက်နေတဲ့ ဗမာပြည်သူတွေ အကြောင်း
မပြောချင်လည်းနေဗျာ
ခင်ဗျားနောက်ဖေးအိမ်က
ဂျနီဖာ လိုပက်ဆိုတဲ့ကောင်မလေးအကြောင်းတော့
ပြောဖြစ်အောင်ပြောဗှာ-----
သွားပြီဗျိုးးးးးးးးးးးးးးးးးးး
အစစ အရာရာ အဆင်ပြေပါစေ
ကဗျာဆရာ---------------------
Post a Comment