လမ်း

မာတိကာမှာကတည်းက
မှားနေတဲ့စာအုပ်မှာ
ထိုင်ရာမထစကားလုံးတွေအောက်
ကိုယ်ဝန်တွေပျက်ကျခဲ့ရ..
သွေးစက်တွေနဲ့ ရေးခဲ့လည်း
ဒီအမှောင်ဟာ
မလင်းနိုင်ဘူး..
အပင်ပျိုးသူကို အပြစ်မြင်တဲ့
ဒီခေတ်မှာ
ကျောက်တုံးတွေရဲ့ အသက်ရှုသံ
ဒီတစ်သံပဲ ထွက်လာရင်
မျက်လုံးအစုံ မြင်ရအံ့...။


သုဏော်စိုင်း

3 comments:

မြစ်ကျိုးအင်း said...

သွေးစက်တွေနဲ့ရေးလည်း ဒီအမှောင်ဟာ မလင်းနိင်ဘူးဆိုတာ ဘာကိုညွှန်းချင်တာလဲ...ကျွန်တော်ကတော့ မြန်မာပြည်သူတွေကို ပြေးမြင်မိတယ်..ရင်ခုန်သံတူရဲ့လား မသိဘူး...။

မယ့်ကိုး said...

တွေ့ ရခဲတဲ့ ကြိုက်တဲ့ လက်ရာပါ။ ကဗျာအားလုံးနီးပါး ကြိုက်ပါတယ်။ အမြဲတမ်း တွေးစရာပေးတယ်။

သားကြီး said...

စာသားတွေရေရေလည်လည်လန်းတယ်ကွာ