ကဗျာကို ဖက်တွယ်မိသူတစ်ယောက်ရဲ့ 
စံတော်ချိန်ဟာ
ထန်းတစ်ဖျားရောက်နေပါပြီ...။
ဒါဟာ
ပျောက်ဆုံးသွားတဲ့  ဆောင်းရာသီထံမှ
သူရလိုက်တဲ့ 
လက်ဆောင်လည်းဖြစ်ရဲ့ ။
နှလုံးသားရဲ့ 
အတွေးအခေါ်ကို
ဦးဏှောက်နဲ့  ခံစားပါ။
သူ့ အရောင်ခုနှစ်မျိုးကို
သူမေ့ပြီး
အဖြူရောင်ပါဆိုသူတွေ အတွက်
သုဏော်စိုင်းဟာ
မည်းနက်နေပါလိမ့်မယ်။
အခုချိန်ကစပြီး
ခင်ဗျားအသံနဲ့  ဖျော်ဖြေခန်းကို
ဆက်လက်တင်ဆက် ပါတော့မယ်။
သုဏော်စိုင်း
2 comments:
Good !
ကျွန်တော်တို့ ဘာနဲ့ ဖျော်ဖြေမလဲဆိုတာ
ကျွန်တော်တို့ ဘာနဲ့ဖတ်လိုက်တာလဲ ဆိုတာပေါ့ ။
အတွေးက ရှင်းရှင်းလေးနဲ့ လင်းတယ်။
Post a Comment