ဘေးထိုင် ဘုပြောခြင်း/ခံရခြင်း နှင့်အတူ အားစိုက်ထုတ်မှုချွေးစက်တွေကို ယပ်ခပ်ပေးနေရတာ/ ရလို့  နေသာထိုင်သာ သော်လည်း လစ်တမတ်စက္ကူလို အရောင်ပြောင်းသီအိုရီ မရှိလို့  ကိုအမည်မဲ့ရဲ့ ကဗျာတစ်ပုဒ်လို ဘာလိုလို ညာလိုလို လိုလိုနေတဲ့ ဆင်ခြေဖုန်းဆန်လာတဲ့ လူ အဖြစ်နဲ့  ဒီနေ့ ပေါ်ထိုင်
ကြည့်တော့ မနက်ဖြန်ဆိုတာလည်း မနေ့ ကနဲ့ တူသလိုလို ဆိုပေမဲ့ ပစ်ဖဲတိုင်းဟာ ပိုဖဲ မဟုတ်ဘူးဆိုတော့ တာဝန်ဝတ္တရားလို ၊ အာသီသလို ၊ လက်ခေါက်မှုတ်သံလို လိုအပ်ချက်များကို ဖြည့်စွက်ရန် သင်၏ အိမ်မက်များကို ကျွန်ုပ် ၏ အတွေး ဖြင့် သားဖေါက်ရန် လို/ မလို
3 comments:
ကဗျာဖွဲ့စည်းပုံကတော့ ရှယ်မှရှယ်ပဲ။နည်းပညာ အားကောင်းလွန်းတယ်။
နောက်ဆုံးအကြောင်းကလွဲရင် ကျန်တာ အကုန်ကြိုက်တယ်။
အဲ နောက်ဆုံးစာကြောင်းမဟုတ်ဘူး။နောက်ဆုံး စကားလုံးတွဲကို ပြောတာ =)
ကျွန်တော့်ခံစားချက်တွေလည်း
ဘေးတိုက်ကျလာတယ် .....
Post a Comment