အရူးကွက်နင်းတယ်ဆိုတာ
ဘောင်းဘီလဲဝတ်တာက စတာပဲ
ဘောင်းဘီဝတ်မိုးတိမ်ဆိုတာ
ကဗျာတစ်လိုင်းရဖို့  ၇၀၀ ကျပ်နဲ့  လဲ/လည်းရတယ်
သိက္ခာဆိုတာ သိပ်ခါလွန်းမှ ကျတာ
နေတတ်ထိုင်တတ်ဖို့ 
စာအုပ်ထဲမှာရှာဖတ်ပြီး ဘ၀ထဲမှာကျက်ရတယ်
အလွတ်မရပေမဲ့ ရင်းခဲ့ရတာ
အဖိုးကို မေးကြည့်စမ်း...
သူ့ မြေးလို ဆယ်တန်းမအောင်ပေမဲ့
ခြေသလုံးတွေက ပါရဂူဘွဲ့ ရတယ်
လမ်းလျှောက်နေတဲ့ လျှာတစ်ချောင်းကိုတွေ့ ဖူးလား
(တစ်=တစ်xတစ်)
စကားသံမပါပဲနဲ့  အကြည့်နဲ့ တင်သိတတ်တဲ့စိတ်ကို
စူပါမားကတ်မှာ ပြေးဝယ်ပါ...
တန်ရာတန်ကြေးက "ရင်ခုန်သံ"
ပွတ်ကြည့်လဲ ဒီအပွင့်ပဲ မြင်ရမဲ့အတူ
"ဖြန်း" ခနဲ ရိုက်ချလိုက်တယ်
ခင်ဗျားမြင်လိုက်လား
ခင်ဗျားအပြင်ရဲ့ ခင်ဗျားကော မြင်လိုက်လား
ခင်ဗျားရင်က ခင်ဗျားကော မြင်လိုက်လား
ပျံသန်းသွားတဲ့ငှက်တိုင်းမှာ အတောင်ပံ မပါဘူး
လပြည့်ညမှန်ဖို့  ခင်ဗျားလက်တွေကို
မီးခလုတ်ဆီကို ရွှေ့ ကြည့်လိုက်
လျှပ်စစ်ဆိုတာ ခင်ဗျားကိုယ်ထဲမှာလည်းရှိတယ်
အနော်မာ + သုဏော်စိုင်း
2 comments:
ကဗျာဆရာ မဖြစ်နိုင်သေးတဲ့
(ကဗျက်ဆရာ) လာသွားခဲံ့တယ်ဗျာ---။
လမ်းလျှောက်နေတဲ့
ပီအိတ်ဒီ ဒေါက်တာလျှာ
နဲ့
အတောင်ပံ မပါဘဲ
ပျံနေတဲ့
ဌက်တကောင်အပြင်
ကြယ်မစုံတဲ့ လပြည့်ညရဲ့
လွမ်းချင်းမဲ့ ရင်ခံသံတွေအကြောင်း
ကြားချင်သေးတယ် ကဗျာဆရာရေ
များများရေးပေးပါနော်------။
ခင်ဗျားအပြင်ရဲ့ ခင်ဗျားကော မြင်လိုက်လား
ခင်ဗျားရင်က ခင်ဗျားကော မြင်လိုက်လား
ဒီတစ်ပုဒ်က နည်းပညာလည်းလှသလို ရသလည်းထိလိုက်တာ။
နှစ်ယောက်ပေါင်း ရေးထားတာ မိုက်တယ်။
Post a Comment