ပြောရမယ်ဆိုရင် ခင်ဗျားကြိုက်သလိုဆုံးဖြတ်နိုင်တယ်





To talk without thinking is to shoot without aiming."
မစဉ်းစားမဆင်ခြင်ဘဲပြောတာ ပစ်မှတ်ကိုမချိန်ဘဲပစ်လိုက်တာနဲ့တူတယ်။ဟယ်လို...၀မ်း တူး သရီး .....Hello ! One Two Three.........................။အသံစမ်းနေပါသည်ဆို၍ ကျွန်တော့်အိပ်မက်များကို မြင်းစီးလွှတ်လိုက်ပါသည်။တကယ်ဆို သေသေချာချာဆန်းစစ်ကြည့်ရန်အရေးကြီးကြောင်း နှောင်းမှသိပါသည်
နောင်တ များရောက်လာကြပြီလားနေရာထိုင်ခင်းပေးရန် အခွင့်မသာသေးပါ
လက်တလော ကိစ္စများကို မြှောက်စားနေရသောကြောင့်ဖြစ်နိုင်ပေသည်။
ထိုရက်များသည် အထက်ပါ အတိုင်းဖြစ်သွားနိုင်ပေသည်။

   ကြက်ခြေခတ်တွေ့ တဲ့နေရာ တူးသာတူး
  သူရူးတွေဟာ မလိမ်ညာတတ်ဘူး မဟုတ်လားဗျာ
   ကြည့်..........သရဖူကို ဒဏ်ရာဒဏ်ချက်လို ဆောင်းလို့ 

ပြောပြောဆိုဆို ယောင်ရမ်းပြီး မနေ့ကလက်ကျန်ကို ပြန်နှိုက်ကြည့်မိသောအခါ
အရာရာအားလုံးက ခြောက်ကပ်မွဲတေ တောင်ရှည်ပုဆိုး ကို အတောင်၂၀ မ၀တ်ကြတော့

တိမ်တဆုပ်တို့ သည် လေနှင်အတူ လွင့်လာ/သွားလေသည်
မြောက်ပြန်လေလား တောင်ပြန်လေ လား ဆိုတာ မည်သည့်သတင်းဌာနမှမကြေငြာ
ထိုကြောင့် လေတိုက်ရာအရပ်သို့လွင့်သွားခြင်းဖြစ်သည်။

သုတေသီများရွတ်ဆိုရာ အမည်နာမတွင်ကျွန်ုပ်၏ အမည်မပါဝင်သောကြောင့် ကျွန်ုပ်သည်မွေးဖွားခဲ့ပြီလားသို့ တည်းမဟုတ် သေဆုံးခဲ့ပြီလား မသေချာခဲ့ပေ ။
သုဏော်စိုင်း ဆိုသည်မှာ အမည်မဲ့ မဟုတ်သလို အမည်မဲ့ သည်လည်း သုဏော်စိုင်း မဟုတ်သောကြောင့် ကင်ပွန်းတပ်ပွဲ ပြုလုပ်ရန်ဖိတ်ကြားထားခြင်းမရှိ။ပြုလုပ်ရန်လည်းအစီအစဉ်မရှိပေ။ လိုအပ်ပါကဆက်သွယ်လိုက်ပါမည် ။
"A rumor goes in one ear and out many mouths."
ကောလဟာလသတင်းဟာ ၀င်တော့နားတစ်ဖက်ထဲပဲ
ဒါပေမယ့် ပါးစပ်ပေါက်ပေါင်းများစွာကနေ ပြန်ထွက်လာကြတယ်လို့ မှတ်သားမိဖူးပါရဲ့
သို့ဖြစ်ပါ၍.................ကြယ်တွေသိပ်လှကြသည်ဟုရံဖန်ရံခါတွေးတောမိသည်ကလွဲလျှင်သမိုင်းစဉ်တလျှောက်အဆီအငေါ်တည့်သည့်အချိန်များ
မည်သည့်အခါမျှမရှိ/စိုးစဉ်းမျှမရှိ။
တင်သွင်းလာသော အဆိုပြုလွှာများကိုဖတ်ကြားပေးဖို့အစီအစဉ်မရှိပါ ။ထိုသူများ၏ဆန္ဒများသည် များမြှောင်လှလွန်းသည်။ကျွန်ုပ်တို့သည်လည်းဤအတိုင်းပင်ဖြစ်နေပြီလော
ထိုသို့ပြန်လည်တွေးတောမိပါသည် ။
မသေချာပေ...သေချာတာထက်ကို မသေချာပေ။
နောင်လင်းမည့်ပန်းပွင့်များ၊နောင်ပွင့်မည့်
သက္ကရာဇ်များကို မေးကြည့်ရန်သာရှိတော့၏ ။


သုဏော်စိုင်း + အမည်မဲ့

5 comments:

အိုင်လွယ်ပန် said...

မသေချာဘူး ..
သေသေချာချာ ထပ်ပြောရရင် ..
မသေချာဘူး ...

ကိုသုဏော်စိုင်း ရေ .. ။
ကဗျာ ခံစားသွားပါကြောင်း ။

မယ့်ကိုး said...

ဓာတ်ခွဲခန်းထဲက ကဗျာလား။
မသေချာပေ...သေချာတာထက်ကို မသေချာပေ။
ဘာပဲဖြစ်ဖြစ် လှတယ်။

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ရောက်လာတယ် ဖတ်သွားတယ်ဗျာ
မတွေ့ တာကြာပေါ့ ဘယ်ပျောက်နေလည်း

Anonymous said...

ကြက်ခြေခတ်တွေ့ တဲ့နေရာ တူးသာတူး
သူရူးတွေဟာ မလိမ်ညာတတ်ဘူး မဟုတ်လားဗျာ
ကြည့်..........သရဖူကို ဒဏ်ရာဒဏ်ချက်လို ဆောင်းလို့ 

ကောင်းလိုက်တဲ့ရေးချက်ပါပဲကိုသုကော်ရေ

handsofenlightenment said...

အဆင်ပြေသလိုပေါ့ .. ကဗျာဆရာရ ... ဆက်သွယ်မယ် .. ဆက်သွယ်မယ် ... ကဗျာကိစ္စအတွက် .. ။