စိမ်းတဲ့ကဗျာ
စဖတ်ပြီဆိုတာနဲ့ 
စရေးတဲ့နေရာတန်းရောက်တော့တာပဲ
လို့ 
ထင်လို့ ရပါတယ်/ထင်တောင်မထင်မိဘူုးဟုတ်
တကယ်တော့
တကယ်တော့ဆိုတာ စကားဆက်ပြီးပြောတာ
သဒ္ဒါနည်းအရဆို သမ္ဗန္ဓ
သမ္ဗန္ဓ ဆိုတာ အနက်ပြန်ရင် စကားဆက်
ခုနက စကားကို ဆက်ပြီးပြောရရင်
စဖတ်ပြီဆိုတာနဲ့ 
ကျွန်တော်/ကျွန်တော့် ထောင်ချောက်ကို နင်းမိတော့တာပဲ
လေထဲမှာ ကားယားကြီး ၊ တကိုယ်လုံး
ကျွံ ကျသွားတယ်
ကျွန်တော်က / ကျွန်တော့်ကိုစောင့်ကြည့်ရမှာ/ကြပါ
မျက်မြင်သက်သေကို
ကြံရာပါ အဖြစ်ဆွဲထည့်လို့ 
ဒီ အမှုကိုဆက်လက်စစ်ဆေးရန်
အောက်တစ်လိုင်းသို့ ချိန်းလိုက်သည်။
ချိန်းထားရင်တောင် လွဲဦးမယ်
ဆိုတာလို
လွဲ အောင်လမ်းကြောင်း
(ပါဒကိုပြောင်းပြန်လှန်လိုက်)
လမ်းကြောင်းလွဲအောင်
မျဉ်း/မြင်း စောင်း/ဇောင်း တွေခံ/နဲ့ ခံ ပြီး
ဇောင်းပြေးနေတဲ့ မြင်းတွေလို အဓိပ္ပာယ်တွေလွတ်/လွတ်နေရင်း/ပြီ
ရှင်... နာမ်စားတွေပြောင်းနေ/ထားတာ ထည့်ပြောလေ
အဲသည်လို လေသံတွေပြောင်းပြီး
ကွင်းစ ကွင်းစ ၊ ကွင်းပိတ် ကွင်းပိတ်
(ကွင်းစ၊ ကွင်းပိတ်)တွေ ထည့်ထားတော့
ဖတ်တဲ့ဟာ ခက်ခဲတယ်၊ ခက်တဲ့ဟာ ဖတ်ခဲတယ်ဆိုပြီး
ကျော်/ဖတ်ကြည့်လိုက်တော့
တခန်းရပ်ကို အခန်းဆက်သလို
အခန်းဆက်ကို တစ်ခန်းရပ်သလို
ပုဒ်မ နှစ်ချောင်းချလို့  ။                                 
--
                                                        သုဏော်စိုင်း
မွေးနေ့ လက်ဆောင်ရတဲ့ကဗျာ
ဟေ့ကဗျာဆရာ
မတွေ့ တာကြာပြီ နေလို့ မှကောင်းရဲ့လား
လာဗျာ
လဘက်ရည်ဆိုင်ထိုင်ရင်း
စကားပြောကြရအောင်---------
ကျွန်တော်လားးး
လဘက်ရည် ချိုပေါ့ကျလေးသောက်မယ်
ခင်ဗျားဘာမှာ မှာလည်း
လုပ်လေဗျာ
မှာပါဗျာ ခင်ဗျားဘိုင်ပြတ်နေသလား
ကျတော့်မှာ ပါပါတယ် ဗျ-----
ဟေ့စားပွဲထိုး ညီလေးရေ
ဒူးယားဖင်ကျွတ်တပွဲနဲ့ ဂျက်ကမ္ဘာ တပွဲအရင်ပေးကွဲ့  ။ ။
နေပါဦးဗျ ကဗျာဆရာရဲ့
မြစ်လိုစီးဆင်းချင်ရင်
ရေချမ်းစင်လို ရပ်နေလို့ မရဘူးဗျ
အပြုံး စစ်စစ်က
လောဘ ဒေါသ မောဟ များနေတဲ့ကမ္ဘာကြီးက
လူသားစစ်စစ် ဆိုတဲ့သူတွေကို
ပေးခဲ့ရလို့ မရှိတော့ဘူး
စိတ်မကောင်းဘူးဗျာ----
နောက်ဆုံးလက်ကျန်တခု
ချန်ထားရသေးတယ်ဗျ
ကျွန်တော်ချစ်တဲ့ ချစ်သူကိုပေးဘို့ လေ
ချစ်သူကို
ဟန်ဆောင်အပြုံး နဲ့ 
နှလုံးသားအတု မပေးချင်ခဲ့လို့ ပါဗျာ---------
ပို့ စ်မော်ဒန် ဂမ္ဘီရမော်ဒန်တွေ ထားလိုက်ဗျာ
ဖျားနာနေတဲ့ကမ္ဘာ ကြီးကို
ကျွန်တော်တို့ ချစ်တဲ့ကဗျာတွေနဲ့ 
ဆေးကုလို့  ရနိုင်ပါ့မလား
ဆေးကုလို့  မှီနိုင်ပါဦးမလား
အသက်ဆက်ခိုင်းလို့ ဖြစ်နိုင်ပါ့မလား
ခင်ဗျား
စဉ်းစား
စဉ်းစား စဉ်းစား စဉ်းစားးးးးးးးးးးးးးးးးးးးးးး
------
-----------
---------------
-------------------
ဟေ့လူကဗျာဆရာ
စကားလည်းမပြောပါလားဗျ
ခင်ဗျား ဘာဖြစ်နေလည်း
သွားတော့မယ်ဗျာ
လိမ်လိမ်မာမာနေပေါ့
ကျွန်တော်ကတော့
ဗမာပြည်ကြီး ငြိမ်းချမ်းဘို့ အတွက်
မိုက်လိုက်ဦးမယ်ဗျာ
လမ်းတွေ့ ရင်လည်းခေါ်ပေါ့
အဲအခါကျရင်
ဖြစ်တည်မှုပဓါန ၀ါဒ နဲံ့
ဘာမြူဒါ တြိဂံ အကြောင်း
မက်ဒေါနားအကနဲ့ သက်မွန်မြင့်အလှအကြောင်း
(ဘာမှမတတ်တဲ့ ကျွန်တော့်ကို )
ကဗျာကောင်းကောင်း ရေးနည်းအကြောင်း
ခင်ဗျားပြောပြရမယ်နော်---
ပြီးတော့
ဗော်လဂါနဲ့ ဂျုစု မတိုက်နိုင်တောင်မှ
ရှမ်းအရက်ကောင်းကောင်းတိုက်လို့  ဆတ်သားချောက်ဖုတ်
နဲ့ မြည်း မယ်နော်---
ဒုခရောက်နေတဲ့ ဗမာပြည်သူတွေ အကြောင်း
မပြောချင်လည်းနေဗျာ
ခင်ဗျားနောက်ဖေးအိမ်က
ဂျနီဖာ လိုပက်ဆိုတဲ့ကောင်မလေးအကြောင်းတော့
ပြောဖြစ်အောင်ပြောဗှာ-----
သွားပြီဗျိုးးးးးးးးးးးးးးးးးးး
အစစ အရာရာ
အဆင်ပြေပါစေ ကဗျာဆရာ---------------------
မှုန်ပြာရီညိုပတ်ပျိုး
အလင်းပွင့်ခက် ဖြာဖြာနဲ့ 
ရနံ့ တွေသာသာယာယာရှိခဲ့ပေမဲ့
နှင်းတွေ မလာသေးပါဘူး။
နတ်သမီးတပါးအပြုံးကြောင့်
သူ့ ခမျာ ခါးကုန်းနေရ ရှာတဲ့ သက်တံ့ကြီးရေ
ကျွန်တော့် အလွမ်းတွေထမ်းပိုးထားရရင် အားနာပါတယ်။
ခုလိုပေါ့
နေပြိုင်၊ လပြိုင် အချိန်မျိုးမှာ
လက်ဆစ်တွေကို တဖြောက်ဖြောက်ချိုး
သီချင်းတစ်ပုဒ်ကို ညှိးညှိးညည်းရင်း
ဝေးကွာခြင်းရဲ့ အပြုအမူကို
ရင်အုံထဲက ဆွဲထုတ်
ကဗျာတစ်ပုဒ်အဖြစ်အသက်သွင်း
သက်ပြင်းများကို ဖွဖွလျော့
လေ၀ဲ အနမ်းများကိုတော့ Pause လုပ်ထားတယ်ပေါ့။
ညတွေဟာ ကျွန်တော့်လိုမှောင်ပြီး
လတွေဟာ ကျွန်တော့်ကို နင်းသွား
ခင်ဗျားစကိုက်ခဲ့တဲ့ အသီးဟာ
ဒီလို အရသာမျိုးလား   အာဒံ
ထားပါဗျာ
ခင်ဗျားလွမ်းဖူးမှာ မဟုတ်ပါဘူး
ဒီမှာတော့
စိတ်ကူးနောက်ကို အရူးလိုလိုက်လို့ 
မီးကိုလှမ်းခေါ်ပြီး အခိုးအငွေ့ တွေကြားကို တိုးလို့ 
ဘာကိုမှ အာရုံစူးစိုက်လို့ မရတော့ဘူး။
အသွင်အပြင်ဆန်းနဲ့ လူလွတ်တပိုင်းအတွက်
မုတ်သုန်လေရဲ့ ဆုတ်ခွာချက်က
နူးညံ့ပက်စက်လွန်းပြီး
သံယောဇဉ်မှန်စာတပ်
ပန်းနုရောင် စွန်တစ်ချပ်ဟာ
လေတိုက်လိုက် ပါသွားလိုက်။
တံခါးတွေက ငါ့ ကိုခေါက်တော့
အရိပ်တွေကို ကြောက်လာတယ်
နောက်ကျနေပါပြီ ၊ ကျော်လွန်နေပါပြီ
မလျှော်ဖြစ်ခဲ့တဲ့ အ၀တ်တွေကြောင့်
သွေးကြောထင်ယှက်
နုထွေးတဲ့ ပါးပြင်ထက်သို့ 
ကျွန်တော်ဘယ်လိုလှော်ခတ်ရမလဲ
ချာတိတ်တစ်ယောက်စာ ပင့်သက်တဖိုနဲ့ 
ဘယ်ဘက်ရင်အုံ လင်းချိုဖို့ 
တယောတလက်က ထမ်းပိုးထားမဲ့
ဂီတသံထဲမှာပဲ
ကျွန်တော့်ကို ညီမျှခြင်းချပေးပါ
ကွေကွင်းရခြင်းဆိုတဲ့ ဝေါဟာရထက်
ဒီရက်တွေ ပို မဝေးတော့ပါဘူး။         ။
သုဏော်စိုင်း
ဒြပ်မဲ့များ
ကျေးဇူးပြုပြီး သင်၏အသံတွေကိုတစ်လမ်းမောင်းပါ
ဂ ငယ်ကွေ့ များ တွေ့ မိပါသလား
ရှေ့အ၀ိုင်းကျော်လျှင်ခဏရပ်
မြောက်လေတိုက်လာပြီ
ကျေးဇူးပြု ပြီးထပ်ရွတ်ပါ
အရက်ခွက် ကိုလွန်မှ မီးပွိုင့်များထွက်ကျလာသည်။
စကားများသည်။ စကားများသည် စသည်နှင့် ကားထွက်လာပြီး ပေါများလာခဲ့သည်။
ကဗျာနှင့်ကဗျာ
အသာ အယာပင် မှားယွင်း ခဲ့ကြသည်
ဟု
ထင်ရသည်။
လေယူ လေသိမ်းမှန်စွာ ဆက်လျှောက်ပါ
အတိုး အဝှေ့ များသည်လည်းကောင်း
အချိုးအကွေ့ များသည်လည်းကောင်း
တွန်းတွန်းတိုက်တိုက်ပင် တွန်းတိုက်ထွက်လာ/သွားပြန်၏
အသံကိုအသံကဆွဲဆောင်နေသည်
မရှိဝမ်းစာ ရှိတန်ဆာနဲ့  လောကကြီးက အီကွေးရှင်း မညီမျှဘူး
ကြက်ဟင်းခါးသီး ဘယ်လောက်ခါးခါး
ဒညင်းသီး လို အနံမထွက်ဘူး
လေဟာပြင်တစ်ခု ဘွားခနဲပေါ်လာ၏
 ကျေးဇူးပြုပြီးလွင့်မျောပါ
 ဒြပ်မဲ့များ၏ရှိယောင်ယောင် ဟန်ဆောင်မှုများသည် ဟန်ဆောင်ကောင်းစွာပင်
ဒြပ်မဲ့နေ ကြသည်
ကဗျာဆရာဆိုတာ ဘ၀စာရွက်တွေပေါ် အနုပညာအလင်းရောင်ဖြင့် နှလုံးသား ဓာတ်ပုံရိုက်ကြသူများဖြစ်တယ်
အချစ်ဟာ စစ်လွန်းတော့ ဦးနှောက် က B E သောက်ရတယ်
ကျေးဇူးပြု သင်၏သံကို မှန်ထောင်ကြည့်ပါ
ကျေးဇူးပြုများ များပြားခြင်းကို ကျွန်ုပ် တို့ ဘက်မှ ဘာမှမတတ်နိုင်ခဲ့ပါ
မတတ်သင့်တဲ့ဘောင်က သူကိုယ်တိုင်ရဲ့ တတ်သင့်တဲ့ဘောင်ဖြစ်တယ်
အဆုံးသတ်ပိုင်းသို့ နီးကပ်လာလေလေ
ကဗျာငှက်တို့၏ တောင်ပံခက်သံ
မွှေးပျံ့ စွာ ဖြင့်
လေအဟုန် မှာသင်းပျံနေလေသည်။
သုဏော်စိုင်း၊ ဒီမွန်း၊ အနော်မာ
ဝါး
သူ့ ဇာတိက ရွာစုရွာဝိုင်း
သေပန်းပွင့်တတ်တဲ့ မျိုးရိုး
ငယ်ငယ်တုန်းက စားဖော်စားဖက်
ကြီးတဲ့အခါ အိပ်ဖော်အိပ်ဖက်
သီချင်းဆိုတဲ့အခါ ငြိမ့်စီးတဲ့ သူ့ အသံ
သူ့ အနုပညာက ပန်တျာကျောင်းရဲ့ ဝင်ပေါက်
အပိုင်းပိုင်းတစ် ပြတ်
အချော ပြန်သပ်ထားတဲ့ ဘ၀နဲ့ 
စားသောက်ဆိုင်တစ်ချို့ မှာ
သူကျွေးတာ စားပြီးရင်
ခင်ဗျားပါးစပ်ထဲကဟာ သူရှင်းပေးလိမ့်မယ်
မြို့ ပြကို ပြောင်းရွှေ့ လာတော့
ပခုံးပေါ်ထမ်းပြီး တလမ်းဝင် တလမ်းထွက်
သူရဲ့ အိမ်နေရင်း အနေအထားက
ဝရံတာ မှာ အ၀တ်တွေနဲ့  လုံးလားထွေးလား
ခေါင်မိုးတွေပေါ်က
လိုင်းဖမ်းသမား။ ။
ညနေ၊ ညနေဆီမှာလေ...
ကင်းဝန်မင်းကြီးတို့ ကပြောတော့
ဒီနာရီဟာ ညီအစ်ကိုချင်းတောင်
မမှတ်မိတော့ဘူးတဲ့...။
တတောက်တောက်ကျနေတဲ့အပျော်တွေကို
လျှာနဲ့ လျက်ကြဖို့ ထွက်ခဲ့ကြတဲ့အခါ
ဘီယာဆိုင်ဟာ အမြည်းမှာထားရင်း
ပြဲနေပြီ...။
ဘေ့စ် ဂစ်တာတီးတဲ့ ပုရွတ်ဆိတ်တကောင်အကြောင်း
မျက်ရည်နဲ့ သွေးကိုမှင်ဖြစ်စေတာ
ကဗျာဖြစ်တဲ့အကြောင်း
ဗိုက်ပူကြီးပေါ်မှောက်အိပ်ရင်း ဟန်းဖုန်းတစ်လုံးကောက်ရတဲ့
ကြေးကြီးတဲ့မိန်းမ(ပြို) တွေအကြောင်း
ကျုံးသွင်းခံထားရတဲ့
လွတ်လပ်မှုတွေအကြောင်း
မော့သောက်ခဲ့ကြပြီး
လမ်းဘေးဆိုင်မှာ ၀မ်းတထွာဖြည့်ခဲ့ကြတယ်...။
ချွဲပစ်လာတဲ့ ခံတွင်းအတွက်
ဆေးလိပ်တစ်လိပ်ကိုတစ်ယောက်တစ်ဝက်သောက်ခဲ့ကြ
ပလက်ဖောင်းဆီဝင်လည်ခဲ့ကြပြီး
ကိုယ့်အသိုက်ကိုယ်ပြန်ဖို့ 
လမ်းခွဲကြတဲ့အခါ
ခုတလောနာမည်ကြီးနေတဲ့ အဆိုတော်"မီးစက်"
သူ့ သီချင်းသံတောင်ရပ်သွားပြီ...။