ကျောက်စိမ်း






ရတနာဂီရိကိုသွားပြီး
နားထွင်းပေးရသူ မဟုတ်ဘူး
အကယ်ဒမီညရင်ခုန်သံကို
ပြောပြမဲ့သူ မဟုတ်ဘူး
ဒါပေမဲ့
ရော့ခ်တစ္ဆေနဲ့ ပေါင်းလို့ 
သတ္တုရဲ့ မြစ်ဖျားကို စီးဆင်းစေခဲ့
Classical ဂစ်တာသံကို
သားရေမျက်နှာပြင်ထက်က
ညက်ညက်ကလေးထွက်စေခဲ့သူ
မိုးဟေ့ဆိုရင်
ပါလာသည့်ရှန်တဘက်ကလေး ခေါင်းပေါ်တင်
ကင်ပွန်းချုံနွယ် နဘေးကပြေးရ
ဆောင်းဆိုရင်လည်း
ချမ်းပုံမှာ ကမ်းကုန်ရစ်အောင်
အေးမြခြင်းကို သရုပ်ဆောင်
နွေဦးကာလ သူစလိုက်တော့
မြူခိုးတွေက ငြိမ့်ငြိမ့်ကြွ
ဖုန်လုံးကြီးတွေ တလိမ့်လိမ့်ထ
ကိုယ်တို့ မှာ ထန်းပဲတတ်ရတော့မလို
လက်ပံပွင့်ခြောက်
ကောက်ရတော့မလို
ခုနှစ်ရောင်အသံတွေကို
ဆယ့်နှစ်မျိုးဖြည့်စွက်ပြ
တိုက်ပုံနဲ့ ရင်ဖုံးတွေကို
အရောင်ထက်လက်စေရင်း
လက်အသွားအလာ တအားပဲလှသူ
ဆက်ပြောရင် အဆုံးမတွေ့ြုပန်တာကြောင့်
ပြုန်းတေ့သံဆိုတာ ကြားမယ်....။ ။


သုဏော်စိုင်း

ကမ္ဘာအရပ်ရပ်မှ မြန်မာများအတွက်...
ဆိုင်းဆရာ မြန်မာပြည်ကျောက်စိမ်းအားရည်ညွန်းသည်။