စား ။ ၀တ် ။ နေ ။ လို ။ ရေး

မျက်နှာလည်း မလွှဲရက်
ခဲနဲ့ လည်း မပစ်ရက်တဲ့
သူတို့ /များ/တွေ ဟာဖြင့်
ရှေ့ တိုးတော့ မီးနီဖြတ်
နောက်ဆုတ်တော့ လိုင်းကားအုပ်
ရေနွေးအိုးပွက်လာတဲ့အသံက နားကိုလာကန်တယ်
ဝရံတာကို ကျော်ခွပြီး ပစ်ဝင်လာတဲ့
သတင်းစာကို လက်နဲ့ တခါတည်း ဖမ်းမိဖို့ 
မလွယ်ဘူး
ဇာတ်လမ်းတွဲတွေ ကြည့်ရတာလည်းများပြီ
ဆယ်သုံးဂဏန်းမှ ခုနှစ်ဂဏန်းသို့ ရောက်အောင်
မျှော်နေရင်း
ယင်းကိုက်လို့ ရေးတဲ့ကဗျာတွင်
သို့ တည်းမဟုတ်
ယင်းနေတဲ့အနာထဲမှာ
ဖုတ်ပြီးသားအုတ်တွေအတိုင်း
တချိန်က မြေကြီးဖြစ်ခဲ့တာကို မေ့လို့ 
ပန်းရံဆရာရဲ့ သံလျှက်အောက်မှာ
တိုက်ကြီးတာကြီးဟန်ဆောင်လို့ 
လက်ဖက်နဲ့ မျှစ်တွေဟာ နာမည်ဆိုးတွေ
နဲ့  ကျော်ကြားဖူးကြတယ်
ကျွပ်ကျွပ်အိတ်ပြီး ခြင်ဆေးခွေ
မြွေပွေးဟာ ခါးပိုက်ထဲမှာ ခွေလို့ 
ရုပ်မြင်သံကြားစက်ကခိုးထားတဲ့နာရီတွေ
၎င်း၌
Puzzel Game ကစားသူ
သီချင်းဆိုသူ ပြုံးလက်စေတဲ့ ပြက်လုံးတွေနဲ့ 
အိုက်တင်လုပ်သူ
'သူ'ဆိုတဲ့ စာလုံး၏ရှေ့ တွင် 'ချင်'ဆိုတဲ့စာလုံး ထည့်သင့်/မထည့်သင့်
္ကဤအရာသည်ကောင်းသည်နှင့်/နဲ့ ဤအရာသည်မကောင်းဘူး
အဓိက ကတော့ ခင်ဗျားရယ်ဖို့ ပဲ
ထိုနည်းလည်းကောင်း ဖုံးအုပ်ပစ်လိုက်ကြတယ်
မြန်မာစာတမ်းထိုးပြီး ရှင်းပစ်လိုက်ကြတယ်
ဤတွင် ကျွန်တော်သည် မီးနီတစ်လုံး လက်ခံရရှိ၏
ဤတွင် ကျွန်တော်သည် ပူဖောင်း အဖောက်ခံရ၏
ရေနွေးအိုးပွက်လာတဲ့အသံက နားကို လာကန်ပြန်ပြီ
အရသာဟာဆေးလိပ်သောက်တဲ့ အတိုင်း
မီးညှိလိုက်မှ စမယ်
ပင်နယံတွေနဲ့ ခွေးသွားစိတ်တွေဟာ
ကိုယ်ပိုင်သင်္ကေတနဲ့ အစွမ်းပြကြတော့မယ်
သံချေးတတ်နေတဲ့ ပင်နယံတွေ
အစွယ်ဖွေးထနေတဲ့ ခွေးသွားစိတ်တွေ
ဘယ်ကြေးပဲပေါက်ပေါက်
အနည်းဆုံးတော့ အကောက်ရှုံးမှာပဲ
ဒိုင်ထွက်မပြေးရင် ကံကောင်း
အသင်းစွဲ ရှိတဲ့အတိုင်းသာ လောင်းကြတော့
လမ်းမီးတိုင်များရဲ့ ခေါင်းငိုက်စိုက်ချနေမှုက
ဆက်လာမဲ့ဇာတ်လမ်းတွဲဟာ
ပညတ်လား ၊ ပရမတ်လား



သုဏော်စိုင်း