အရုပ်ထင်သွားသောဆေးစက်များ

ကိုယ့်အကြောင်းကိုယ်
ကပေါက်ချာတွေး
ကဗျာတစ်ပုဒ်ရေးတယ်။

ခင်မင်မှုနဲ့  ချစ်ခြင်းကို
ခဏ ခဏ
ချော်လဲ ရောထိုင်လုပ်တယ်။

ဂဃနဏ မသိပဲနဲ့ 
ဂျောင်ထဲ သွားပြီး
ဂျင်ပေါက်တယ်။

ငါးပွက်ရာ ငါကိုယ်တိုင်
ငါးစာချ ခံ ရလို့ 
ငိုကြွေးရတယ်။

စာမေးပွဲခန်းထဲ
စိမ်ပြေနပြေ
စာခိုးချတယ်။

ဆုံးမတာကို နားမထောင်
ဆင်သေကို
ဆိတ်သားရေနဲ့ ဖုံးတယ်။

ဇိမ်ခံချင်လို့ 
ဇီးပင်အောက်မှာ
ဇယ်တောက်တယ်။

ဈေးသည်တစ်ယောက်ရဲ့ 
ဈာပန ကို
ဈေးဝယ်မိလို့  လိုက်ပို့ ရတယ်။

ညအခါ
ညောင်းလွန်းလို့ 
ညောင်ပင်အောက်မှာသွားထိုင်တယ်။

တနင်္ဂနွေ နေ့ မှာ
တိမ်တောက်တာကိုကြည့်ပြီး
တောင်တောင်အီအီ စဉ်းစားတယ်။

ထင်ပေါ်ချင်လို့ 
ထမင်းစားခါနီး
ထိုင် ထ လုပ်တယ်။

ဒုက္ခနဲ့ စာရင်းရှင်းဖို့ 
ဒီတစ်နေ့ လုံး
ဒါးသွေးတယ်။

ဓနိမိုး ထရံကာအိမ်ထဲ
ဓနိရည်သောက်ပြီး
ဓမ္မဒိဋ္ဌာန် ဖြေတယ်။

နေ့ ခင်းကြောင်တောင်
နံဘေးကကောင်ကို
နားရင်းအုပ်တယ်။

ပက်လက်လှန်ပြီး
ပိတ်ထားသမျှဖွင့်ထုတ်
ပေါက်တက်ကရတွေးတယ်။

ဖာတောင်းထဲ
ဖားတစ်ကောင်ထည့်
ဖင်ခုထိုင်တယ်။

ဗလကြီးအောင်
ဗမာ့နည်း ဗမာ့ဟန်နဲ့ 
ဗာဒံသီးထုစားတယ်။

ဘယ်သူ့ မှမခေါ်ပဲ
ဘုရားခန်းထဲ
ဘူကြီးပွတ်တယ်။

မျှော်လင့်ချက်များစွာနဲ့ 
မင်းအကြောင်းကို
မနက်အထိတွေးတယ်။

ယောက်ဖရှေ့ မှာ
ယင်ကောင်ကို
ယောင်းမနဲ့ ရိုက်တယ်။

ရန်ပွဲကို
ရဲမလာခင်ထိ
ရပ်ကြည့်တယ်။

လသာတဲ့ အချိန်
လှံတစ်ချောင်းကို
လှမ်းတွေ့ တယ်။

ဝက်တစ်ကောင်ကို
ဝ လာမလားလို့ 
ဝမ်းနှုတ်ဆေးတိုက်တယ်။

သူတစ်ပါးအကြောင်း
သိပ်မသိဘဲ
သောက်တင်းပြောတယ်။

ဟောင်းနွမ်းနေတဲ့
ဟာသတစ်ပုဒ်ကို
ဟင်းချက်စားတယ်။

အဆုံးထိဖတ်တဲ့ 
အသင့်အား
အားနာမိတယ်။


သုဏော်စိုင်း