ဒြပ်မဲ့များ

ကျေးဇူးပြုပြီး သင်၏အသံတွေကိုတစ်လမ်းမောင်းပါ
ဂ ငယ်ကွေ့ များ တွေ့ မိပါသလား
ရှေ့အ၀ိုင်းကျော်လျှင်ခဏရပ်
မြောက်လေတိုက်လာပြီ
ကျေးဇူးပြု ပြီးထပ်ရွတ်ပါ
အရက်ခွက် ကိုလွန်မှ မီးပွိုင့်များထွက်ကျလာသည်။
စကားများသည်။ စကားများသည် စသည်နှင့် ကားထွက်လာပြီး ပေါများလာခဲ့သည်။
ကဗျာနှင့်ကဗျာ
အသာ အယာပင် မှားယွင်း ခဲ့ကြသည်
ဟု
ထင်ရသည်။
လေယူ လေသိမ်းမှန်စွာ ဆက်လျှောက်ပါ
အတိုး အဝှေ့ များသည်လည်းကောင်း
အချိုးအကွေ့ များသည်လည်းကောင်း
တွန်းတွန်းတိုက်တိုက်ပင် တွန်းတိုက်ထွက်လာ/သွားပြန်၏
အသံကိုအသံကဆွဲဆောင်နေသည်
မရှိဝမ်းစာ ရှိတန်ဆာနဲ့  လောကကြီးက အီကွေးရှင်း မညီမျှဘူး
ကြက်ဟင်းခါးသီး ဘယ်လောက်ခါးခါး
ဒညင်းသီး လို အနံမထွက်ဘူး
လေဟာပြင်တစ်ခု ဘွားခနဲပေါ်လာ၏
 ကျေးဇူးပြုပြီးလွင့်မျောပါ
 ဒြပ်မဲ့များ၏ရှိယောင်ယောင် ဟန်ဆောင်မှုများသည် ဟန်ဆောင်ကောင်းစွာပင်
ဒြပ်မဲ့နေ ကြသည်
ကဗျာဆရာဆိုတာ ဘ၀စာရွက်တွေပေါ် အနုပညာအလင်းရောင်ဖြင့် နှလုံးသား ဓာတ်ပုံရိုက်ကြသူများဖြစ်တယ်
အချစ်ဟာ စစ်လွန်းတော့ ဦးနှောက် က B E သောက်ရတယ်
ကျေးဇူးပြု သင်၏သံကို မှန်ထောင်ကြည့်ပါ
ကျေးဇူးပြုများ များပြားခြင်းကို ကျွန်ုပ် တို့ ဘက်မှ ဘာမှမတတ်နိုင်ခဲ့ပါ
မတတ်သင့်တဲ့ဘောင်က သူကိုယ်တိုင်ရဲ့ တတ်သင့်တဲ့ဘောင်ဖြစ်တယ်
အဆုံးသတ်ပိုင်းသို့ နီးကပ်လာလေလေ
ကဗျာငှက်တို့၏ တောင်ပံခက်သံ
မွှေးပျံ့ စွာ ဖြင့်
လေအဟုန် မှာသင်းပျံနေလေသည်။






 
 
 
 
သုဏော်စိုင်း၊ ဒီမွန်း၊ အနော်မာ