ဝါယာရှော့
မနက်တိုင်းသတိရစေလိုတဲ့
အချက်အလက်နဲ့  သွားပွတ်တံလေး
ဟာ ဆံပင်တွေကလည်း ပျက်စီး
သွားပြီ အချိုးတွေပြောင်း
အောက်တစ်ကြောင်းကို ဆက်ရေးရရင်
ဆုံးပြီဆိုပြီး ဖြစ်ပစ်လိုက်ဖို့ တော့
မဆုံးဖြစ်ထိသေးဘူး
မျက်စောင်းမထိုးဘူး၊ ဖနောင့်မဆောင့်ဘူး
ဒါနဲ့ တောင် အဖြူထဲမှာ
ကျွန်တော့်သွေးက ပန်းဆီရောင်
အထိကျဲခဲ့တယ်
ဟိုက သူ့ ဟာနဲ့ သူ ကပ်ပါနေပြီ
အဖြစ်မှ မရှိပဲ
ကဗျာပဲရှိတော့  ကဗျာပဲရေးတာပေါ့
ခင်ဗျား အဆက်အသွယ်ရသေးလား
ပခုံးကို ခပ်တင်းတင်း ဖက်တဲ့ လေသံ
(တနည်း/၀ါ) အားပေးနှစ်သိမ့်တဲ့ အပြုအမူနဲ့ 
ဟိုတစ်ကောင်ကပြောတော့
ကလေးတစ်ယောက်လိုကြောက်တယ်တဲ့
ခင်ဗျားကရော
ဆိုတော့ကာ
ကလေးတစ်ယောက်လို ချစ်တယ်လို့ 
ကျွန်တော်ကဖြေမှာ
မဟုတ်ဘူးလား ဗိုလ်သု/ ကိုသု / ကိုသုဏော် / ကိုစိုင်း
            သုဏော်စိုင်းရာ
စိတ်ဓာတ်လို ကျနေတဲ့မျက်ရည်နဲ့ 
ကဗျာကို ဆက်ရေးနေပြန်ပြီ
ကျွန်တော်က ကောင်းကင်ကြီးကိုကြည့်ပြီး လွမ်းနေချိန်မှာ
သူမက  ရင်ခွင်တစ်ခုမှာ ခိုဝင်ပြီး နမ်းနေမှာ
သူမဆိုတဲ့ အသုံးအနှုန်းကို
သူမ  မသိအောင်ခိုးထားတဲ့  သူမ
ဓာတ်ပုံနဲ့  တွဲပြီးသိမ်းထားတယ်
လွမ်းတိုင်းလည်း ဆေးလိပ်သောက်တယ်
ဆေးလိပ်သောက်တိုင်းလည်း လွမ်းတယ်
I don't like this smell
ဒီအသံပဲ ကြားကြားနေမိတယ်
အဖြစ်အပျက်ဟာ ဒီကဗျာလို
မွစာကြဲနေလို့ 
သတင်းရ ရချင်းကို ပြေးလာတာ
ဘယ်တုံးက ဆုံးတာလဲ။                   ။
************************************* သုဏော်စိုင်း***********************************************