ညနေ၊ ညနေဆီမှာလေ...

ကင်းဝန်မင်းကြီးတို့ ကပြောတော့
ဒီနာရီဟာ ညီအစ်ကိုချင်းတောင်
မမှတ်မိတော့ဘူးတဲ့...။
တတောက်တောက်ကျနေတဲ့အပျော်တွေကို
လျှာနဲ့ လျက်ကြဖို့ ထွက်ခဲ့ကြတဲ့အခါ
ဘီယာဆိုင်ဟာ အမြည်းမှာထားရင်း
ပြဲနေပြီ...။
ဘေ့စ် ဂစ်တာတီးတဲ့ ပုရွတ်ဆိတ်တကောင်အကြောင်း
မျက်ရည်နဲ့ သွေးကိုမှင်ဖြစ်စေတာ
ကဗျာဖြစ်တဲ့အကြောင်း
ဗိုက်ပူကြီးပေါ်မှောက်အိပ်ရင်း ဟန်းဖုန်းတစ်လုံးကောက်ရတဲ့
ကြေးကြီးတဲ့မိန်းမ(ပြို) တွေအကြောင်း
ကျုံးသွင်းခံထားရတဲ့
လွတ်လပ်မှုတွေအကြောင်း
မော့သောက်ခဲ့ကြပြီး
လမ်းဘေးဆိုင်မှာ ၀မ်းတထွာဖြည့်ခဲ့ကြတယ်...။
ချွဲပစ်လာတဲ့ ခံတွင်းအတွက်
ဆေးလိပ်တစ်လိပ်ကိုတစ်ယောက်တစ်ဝက်သောက်ခဲ့ကြ
ပလက်ဖောင်းဆီဝင်လည်ခဲ့ကြပြီး
ကိုယ့်အသိုက်ကိုယ်ပြန်ဖို့ 
လမ်းခွဲကြတဲ့အခါ
ခုတလောနာမည်ကြီးနေတဲ့ အဆိုတော်"မီးစက်"
သူ့ သီချင်းသံတောင်ရပ်သွားပြီ...။