ဒူုးခေါင်းကိုပိုက်၊ ခေါင်းငိုက်စိုက်နဲ့ မျက်ဝန်းတစ်စုံ

ကမ်းကလည်း ဝေး
ဝေးလို့ နေရဲ့ ..
ကမ်းဝေးထဲမှာပဲ
တ၀ဲဝဲ တလည်လည်ဖြစ်ရ

"အချိန်တိုင်း မဟုတ်တောင်၊
အချိန်အတော်များများ
သတိရနေတယ်"

ဘယ်သူ့ ကိုဝန်ခံမှန်းမသိတဲ့ 
စကားလုံးများ
သူ ငုံထားလေရဲ့ ..၊

ဒီလိုနဲ့ 
ပျော်စေ
စကားလုံးများ သတိရနေရဲ့ 

ဒီလိုနဲ့ 
တော်ပြီ
စကားလုံးများ မောင်းထုတ်လိုက်ရဲ့ 

ဒီလိုနဲ့ 
သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်
စကားလုံး မှေးမှိန်လာရဲ့ 

ဒီလိုနဲ့ 
ဆက်သွယ်မှုဧရိယာပြင်ပများ
အသက်ရှုနေလေရဲ့

ဒီလိုနဲ့ 
မှိုင်းညို့ ညို့ မျက်ဝန်းများ
ဝေရီနေလေရဲ့

ဒီလိုနဲ့
ရှာမယ်ပြင်ခြေလှမ်းများ
အားလျော့လာရဲ့ 

ဒီလိုနဲ့ 
အပြာရောင်ကောင်းကင်ကို
အမှိုင်းရောင်သုတ်လိုက်ရဲ့ 

ဒီလိုနဲ့ 
ကြယ်၊လ ပြိုင် ကောင်းကင်ကို
ကြက်တွန်သံပေးလေရဲ့ 

ဒီလိုနဲ့ 
(ကဗျာဆရာ မောင်ချောနွယ် ပြောသလို )
လမ်းချင်းတူရင် လူချင်းတွေ့ မယ်
စကားလုံးကိုရေချ
ကမ်းစပ်ကိုလှမ်းမျှော်
မျှော် ခတ်နေလေရဲ့ ......

သုဏော်စိုင်း