အနမ်း

အ၀ိဇ္ဇာပေမဲ့ မဟားဒရားလှတော့
ပုထုဇဉ်ပီပီ မှားကြတယ်...

တစ်ဦးတစ်ယောက်ဟာ ရှက်ြ့ပီးပြုံးနေသလား
တစ်ဦးတစ်ယောက်ဟာ ပြုံးရင်းရှက်နေသလား

တွေ့ ကြဆုံကြရင် ပင်လယ်ရေဖြစ်ပြီး
ဝေးကြကွာကြရင် ဖောင်စီးရင်းရေငတ်ကြတဲ့အဖြစ်

မြှားတစ်စင်းပစ်လိုက်သလို
သီချင်းတစ်ပုဒ်ဟစ်လိုက်သလို
လေထဲကနေ kiss လိုက်တယ်..
လမ်းမကောင်းဘူးပြောကြတဲ့အချစ်စစ်
မင်းနှုတ်ဖျားမှာ စွဲထင်ရစ်စေ...။ ။

သုဏော်စိုင်း