ပြောရမယ်ဆိုရင် ခင်ဗျားကြိုက်သလိုဆုံးဖြတ်နိုင်တယ်





To talk without thinking is to shoot without aiming."
မစဉ်းစားမဆင်ခြင်ဘဲပြောတာ ပစ်မှတ်ကိုမချိန်ဘဲပစ်လိုက်တာနဲ့တူတယ်။ဟယ်လို...၀မ်း တူး သရီး .....Hello ! One Two Three.........................။အသံစမ်းနေပါသည်ဆို၍ ကျွန်တော့်အိပ်မက်များကို မြင်းစီးလွှတ်လိုက်ပါသည်။တကယ်ဆို သေသေချာချာဆန်းစစ်ကြည့်ရန်အရေးကြီးကြောင်း နှောင်းမှသိပါသည်
နောင်တ များရောက်လာကြပြီလားနေရာထိုင်ခင်းပေးရန် အခွင့်မသာသေးပါ
လက်တလော ကိစ္စများကို မြှောက်စားနေရသောကြောင့်ဖြစ်နိုင်ပေသည်။
ထိုရက်များသည် အထက်ပါ အတိုင်းဖြစ်သွားနိုင်ပေသည်။

   ကြက်ခြေခတ်တွေ့ တဲ့နေရာ တူးသာတူး
  သူရူးတွေဟာ မလိမ်ညာတတ်ဘူး မဟုတ်လားဗျာ
   ကြည့်..........သရဖူကို ဒဏ်ရာဒဏ်ချက်လို ဆောင်းလို့ 

လျှာ (Ph.D)




အရူးကွက်နင်းတယ်ဆိုတာ
ဘောင်းဘီလဲဝတ်တာက စတာပဲ
ဘောင်းဘီဝတ်မိုးတိမ်ဆိုတာ
ကဗျာတစ်လိုင်းရဖို့  ၇၀၀ ကျပ်နဲ့  လဲ/လည်းရတယ်
သိက္ခာဆိုတာ သိပ်ခါလွန်းမှ ကျတာ
နေတတ်ထိုင်တတ်ဖို့ 
စာအုပ်ထဲမှာရှာဖတ်ပြီး ဘ၀ထဲမှာကျက်ရတယ်