မှတ်ပုံတင်မိတ္တူ





ကဗျာကို ဖက်တွယ်မိသူတစ်ယောက်ရဲ့ 

စံတော်ချိန်ဟာ
ထန်းတစ်ဖျားရောက်နေပါပြီ...။

ဒါဟာ
ပျောက်ဆုံးသွားတဲ့  ဆောင်းရာသီထံမှ
သူရလိုက်တဲ့ 
လက်ဆောင်လည်းဖြစ်ရဲ့ ။

နှလုံးသားရဲ့ 
အတွေးအခေါ်ကို
ဦးဏှောက်နဲ့  ခံစားပါ။

သူ့ အရောင်ခုနှစ်မျိုးကို
သူမေ့ပြီး
အဖြူရောင်ပါဆိုသူတွေ အတွက်
သုဏော်စိုင်းဟာ
မည်းနက်နေပါလိမ့်မယ်။

အခုချိန်ကစပြီး
ခင်ဗျားအသံနဲ့  ဖျော်ဖြေခန်းကို
ဆက်လက်တင်ဆက် ပါတော့မယ်။






သုဏော်စိုင်း