ဝါး

သူ့ ဇာတိက ရွာစုရွာဝိုင်း
သေပန်းပွင့်တတ်တဲ့ မျိုးရိုး
ငယ်ငယ်တုန်းက စားဖော်စားဖက်
ကြီးတဲ့အခါ အိပ်ဖော်အိပ်ဖက်
သီချင်းဆိုတဲ့အခါ ငြိမ့်စီးတဲ့ သူ့ အသံ
သူ့ အနုပညာက ပန်တျာကျောင်းရဲ့ ဝင်ပေါက်
အပိုင်းပိုင်းတစ် ပြတ်
အချော ပြန်သပ်ထားတဲ့ ဘ၀နဲ့ 
စားသောက်ဆိုင်တစ်ချို့ မှာ
သူကျွေးတာ စားပြီးရင်
ခင်ဗျားပါးစပ်ထဲကဟာ သူရှင်းပေးလိမ့်မယ်
မြို့ ပြကို ပြောင်းရွှေ့ လာတော့
ပခုံးပေါ်ထမ်းပြီး တလမ်းဝင် တလမ်းထွက်
သူရဲ့ အိမ်နေရင်း အနေအထားက
ဝရံတာ မှာ အ၀တ်တွေနဲ့  လုံးလားထွေးလား
ခေါင်မိုးတွေပေါ်က
လိုင်းဖမ်းသမား။ ။