လမ်း

မာတိကာမှာကတည်းက
မှားနေတဲ့စာအုပ်မှာ
ထိုင်ရာမထစကားလုံးတွေအောက်
ကိုယ်ဝန်တွေပျက်ကျခဲ့ရ..
သွေးစက်တွေနဲ့ ရေးခဲ့လည်း
ဒီအမှောင်ဟာ
မလင်းနိုင်ဘူး..
အပင်ပျိုးသူကို အပြစ်မြင်တဲ့
ဒီခေတ်မှာ
ကျောက်တုံးတွေရဲ့ အသက်ရှုသံ
ဒီတစ်သံပဲ ထွက်လာရင်
မျက်လုံးအစုံ မြင်ရအံ့...။


သုဏော်စိုင်း