မီးခိုးအူသံ ( ၂ )






ရလိုဇောနဲ့ ရှိုက်ဖွာနေတဲ့ ကျွန်တော့်ကို
ဆေးလိပ်မီးက ရဲနေအောင်ကြည့်တယ်
လောင်စာဆီသောက်မျိုထားသူက
နေရာတစ်ခုမှာ အလင်းကိုတောက်ကာ
နေရာတစ်ခုမှာ အသံနဲ့ ခြောက်ပြီး
သတ္တ၀ါတို့ ရဲ့ သတ္တကို သိမ်းပိုက်ထားတယ်
ဝသန္တကလည်း အလုအယက်ခုန်ဆင်းလို့ 
တစ်စုတစ်ဝေးတည်း လမ်းကိုဖောက်ပြီး
အိပ်စက်ခြင်းက ဒီကဗျာကိုတောင်းနေရဲ့
ကျွန်တော့်ဆီက . . . . .
ကျွန်တော်က ဆေးလိပ်ထဲ မရောက်ဘူး
မရောက်ဘူး ဆေးလိပ်က ကျွန်တော့်ထဲ
တစ်ဖျတ်ဖျတ်ကိုလွင့်နေရင် တစ်ခုခုနဲ့ ဖိထား
အလွမ်းဖြင့် အလွမ်း
အကြမ်းဖြင့် အကြမ်း
ကဗျာတစ်ပုဒ်လောက် ငါ့ကိုနမ်းပါ
နည်းနည်းလေးမှတောင်မမြင်ရဘူးဆိုရင်
ကျွန်တော်နဲ့ ကွယ်နေလို့ 
ဒါမှမဟုတ်ရင်
ခင်ဗျားနဲ့ ကွယ်နေလို့ ဖြစ်မယ်
နံရံများထွားလာကြသည်
ချုပ်နှောင်ခြင်းဆိုတာ ငါတို့ ရဲ့
သေသပ်စွာ ထုပ်ပိုးခြင်း ခံရတဲ့အရာ . . . . . . . . . . . . . . . . . . (နတ်ဆိုး/ဒီမွန်း)
အဟောင်းအမြင်းတွေက ဟားတိုက်ရီမောကြ
ရီသံများဆိုတာကလည်း စိတ်ပြတင်းက စီးကျလာခဲ့တဲ့
တောက်ခေါက်သံများပဲ မဟုတ်ပေဘူးလား ။ . . . . .

သုဏော်စိုင်း